ရက် ၇၇ - ရွေးနှုတ်သူကြွလာခြင်း

ဟေရှာယ ၃၅:၁-၁၀
“ထိုအခါ ခြေဆွံ့သောသူသည် သမင်ကဲ့သို့ ခုန်လိမ့်မည်။
ဆွံ့အသောသူ၏လျှာသည် ရွှင်လန်းစွာအော်ဟစ်လိမ့်မည်။
အကြောင်းမူကား၊ တော၌ ရေထွက်လိမ့်မည်။
အာရဘ၌ စမ်းရေစီးကြောင်း။”—ဟေရှာယ ၃၅:၆ခ

အဖဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ပြုတော်မူသောအမှုတို့ကိုမြင်၍ဝမ်းမြောက်ကြပါ၏။ အသင်းတော်ထဲတွင် သဲကန္တာရကဲ့သို့ခြောက်သွေ့သောနေရာများလည်းရှိပါ၏။ ကိုယ်တော်သည် တော၌စမ်းရေထွက်၍လွန်ပြင်၌မြစ်ရေစီးလိမ့်မည်ဟု ကတိပေးခဲ့ပါသည်။ အကျွန်ုပ်တို့သည် အသင်းတော်၌ ဖြောင့်မတ်ခြင်းလမ်းကို တည်ဆောက်ဖို့ရန် နှိုးထမှုမိုးရေကို စေလွှတ်တော်မူပါ။