ရက် ၄၅ - ၁၄/၂/၂၀၂၀ ကိုယ်တော်၏နည်းလမ်းများ

ဆာလံ ၁၁၉: ၃၇
အနတ္တကိုပမာဏမပြုစေခြင်းငှါအကျွန်ုပ်မျက်စိကိုအခြားသို့လွှဲတော်မူပါ။
လမ်းခရီးတော်၌အကျွန်ုပ်အသက်ရှင်စေတော်မူပါ။

အဖဘုရားသခင်၊ ကိုယ်တော်၏နည်းဥပဒေသကိုသိပါမည်အကြောင်းသင်ပေးတော်မူပါ။ ယနေ့အသင်းတော်တွင် ကိုယ်တော်၏လမ်းခရီးတော်၌ နှိုးထမှုရှိပါမည်အကြောင်းဆုတောင်းပါတယ်။ ထိုသို့ဖြင့် ကျွန်ုပ်တို့၏နိုင်ငံ၊ မြို့များပြောင်းလဲဖို့အတွက် ကျွန်ုပ်တို့သည် ကျွန်တော်တို့၏အစွန်းသတ္တိကိုအမှီမပြုဘဲ ကိုယ်တော်၏တန်ခိုးနှင့်သမ္မာတရားကိုမှီခိုရပါမည်။