ရက် ၅၈ - တောက်လောင်သောမီး

ထွက်မြောက်ရာကျမ်း ၃:၂
“ထာဝရဘုရား၏ ကောင်းကင်တမန်သည် ချုံတွင်းမှ တောက်လောင်သောမီးဖြင့် သူ့အား ထင်ရှား၍ ကြည့်ရှုသောအခါ၊ ချုံပုတ်သည် မီးလောင်လျက်ရှိသော်လည်း၊ ချုံပုတ်သည် မလောင်သေးပါ။”

အဖဘုရားသခင် အာရှသခွင်၌ နှိုးထမှုမီးဖြင့် ပေါ်ထွန်းတော်မူရန် တောင်းလျှောက်ပါ၏။ မောရှေသည် လောင်ကျွမ်းသောချုံပုတ်ကိုမြင်ရ၍ ကိုယ်တော်၌လည်းကောင်း၊ ကိုယ်တော်၏တန်ခိုးတော်၌လည်းကောင်း ယုံကြည်သကဲ့သို့ ကိုယ်တော်သည် နှိုးထမှုမီးဖြင့်ကြွလာ၍ ကိုယ်တော်၏လူတို့သည် ကိုယ်တော့်ကိုမြင်ရ၍ တိုးဝင်ချည်းကပ်ပါမည်အကြောင်း အကျွန်ုပ်တို့ဆုတောင်းပါ၏။